မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ

လွတ်လပ်အေးချမ်းတည်ငြိမ်သော ဒီမိုကရေစီ နိုင်ငံသားများ ဖြစ်ကြပါစေ

Thursday, September 6, 2012

တွေးမိတွေးရာ

ဘဝမှာအခက်အခဲတွေ ကြုံတွေ့လာတိုင်း
အတိတ်ကို ပြန်သွားကြည့်လိုက်ပါ
အဲဒီအခက်အခဲတွေကို
တစ်နည်းနည်းနဲ့တော့
ကျော်ဖြတ်နိုင်ခဲ့ကြတာဆိုတာ မြင်ရပါလိမ့်မယ်

လူတိုင်းမှာ ရည်ရွယ်ချက်တွေ ရည်မှန်းချက်တွေ ကိုယ်စီရှိကြတယ် ရည်မှန်းချက်တိုင်းကို အကောင်ထည်ပေါ်ဖို့ မဖြစ်နိုင်သလို
ဒါပေမဲ့ မဖြစ်နိုင်တဲ့ ရည်မှန်းချက်ဆိုတာ လောကမှာ မရှိဘူးဆိုတာ
သင့်သဘောပေါက်ပါလိမ့်မယ်

လူတွေဟာ ၁ ကနေ သာ ဂဏန်းတွေကို စပြီး ရေတွက်ချင် ရေတွက်နေမယ်
နောက်ဆုံးကနေ စပြီး ရေတွက်တယ်ဆိုတာ မရှိသလောက်ပါပဲ
အဲဒီတော့ ကိုယ့်ဘဝ ပြောင်းလဲဖို့အတွက်
ဂဏန်းတွေကို နောက်ဆုံးက စပြီး ရေတွက်သင့်ရင် ရေတွက်ရပါလိမ့်မယ်

သင့်ဘဝအတွက် ပြောင်းလဲသင့်တဲ့ အရာတွေကို ပြောင်းလဲလိုက်ပါ
အားလုံးအဆင်ပြေပါလိမ့်မယ်

စိုးမိုး(ငမ)

No comments:

Post a Comment