ချစ်သူသို့
လွမ်းလို့မသေနိုင်ဘူးဆိုပေမဲ့
သေလောက်အောင်လွမ်းနေမိတယ်
သတိရနေမိတာ အချိန်တိုင်းမဟုတ်ပေမဲ့
အချိန်တိုင်းလိုလို သတိရနေမိတယ်
မင်းနဲ့နီး ဖို့ မမျှော်လင့်ရဲပေမဲ့
ဘယ်နေ့တွေ့ရမလဲ မျှော်လင့်နေမိတယ်
ချစ်သူ
မင်းမြင်နိုင်မယ်ဆို
ငါရင်ခွင်ထဲကို
တစ်စက္ကန့်လောက်ပဲ ဖြစ်ဖြစ်
လာကြည့်ပေးပါ
ငါ့နှလုံးခုန်သံ တွေ
စည်းချက်မမှန် ကဗျာမဆန်တော့တာ
မင်းသိပါစေ....
No comments:
Post a Comment