မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ

လွတ်လပ်အေးချမ်းတည်ငြိမ်သော ဒီမိုကရေစီ နိုင်ငံသားများ ဖြစ်ကြပါစေ

Thursday, June 28, 2012

သွေးတိုးရောဂါ အဆင့် သတ်မှတ်ချက်

imagebam.com
လူတစ်ယောက်အတွက် သွေးပေါင်ချိန်သည် အပေါ်သွေး ၁၂၀၊ အောက်သွေး ၈၀ ရှိပါက ပုံမှန်သွေးပေါင်ချိန်ဟု ပြော၍ ရပါသည်။ အပေါ်သွေးနှင့် အောက်သွေးကို အတိုကောက်အားဖြင့် ၁၂၀/၈၀ ဟု ဖော်ပြပါသည်။ အပေါ်သွေးသည် ၁၂၀ နှင့် ၁၃၉ ကြားရှိပြီး အောက်သွေးသည် ၈၀ နှင့် ၈၉ ကြားရှိပါက pre hypertension အကြိုသွေးတိုးခြင်းဟုခေါ်သည်။ သွေးတိုး ရောဂါ ကနဦးပေါ့ဗျာ။ သွေးပေါင်ချိန်ဆိုသည်မှာ သွေးကြောတစ်လျှောက် သွေးစီးသွားစဉ် သွေးကြော နံရံပေါ် သက်ရောက်သောဖိအားကို ခေါ်သည်။ အပေါ်သွေး (Systolic blood pressure) ဆိုသည်မှာ နှလုံးကသွေးညှစ်နေခိုက် သွေးကြောအတွင်းရှိ အမြင့်ဆုံးဖိအားကို ခေါ်ဆိုပြီး အောက်သွေး (Diastolic blood pressure) ဆိုသည်မှာ နှလုံးသွေးဖြည့်နေခိုက် သွေးကြောအတွင်းရှိ အနိမ့်ဆုံးဖိအားကို ခေါ်ဆိုပါသည်။ ခေတ်သစ်ဆေးပညာတွင် သွေးပေါင်တက်သည်ကို ရောဂါတစ်ခုအဖြစ် သတ်မှတ်ထားပြီး မြန်မာအများစုတွင် တွေ့ရတတ်သော သွေးပေါင်ကျခြင်းကို ရောဂါတစ်ခုအနေဖြင့် မသတ်မှတ်ထားပါ။ ( သွေးပေါင်ကျခြင်းနှင့် သွေးအားနည်းခြင်းသည်လည်း မတူညီပါ။ ) သွေးပေါင်ကျခြင်းဆိုသည်မှာ အပေါ်သွေးနှင့် အောက်သွေးကို တိုင်းတာပါက ရှိသင့်သော သွေးပေါင်ချိန်ထက် နည်းနေသည်ကို ခေါ်ဆိုပြီး သွေးအားနည်းခြင်းဆိုသည်မှာ သွေးအတွင်းရှိ သွေးနီဥများတွင် ပါဝင်သော ဟီမိုဂလိုဗင်ဓာတ်(Haemoglobin) အားနည်းခြင်းကို ဆိုလိုပါသည်။ ထိုအခြေအနေနှစ်ခုသည် မတူညီသော်လည်း ရောဂါဖြစ်ရသော အခြေခံ အကြောင်းအရင်းကတော့ တူညီပါသည်။ ၎င်းမှာ အသားဓာတ်နှင့် သံဓာတ်ကို ပြည့်စုံလုံလောက်အောင် မစားသောက်သောကြောင့် ဖြစ်ပါသည်။ သွေးပေါင်တိုင်းခြင်းနှင့် ပတ်သက်၍ ၁။ မတိုင်းမီ နာရီဝက်အတွင်း အစာစားခြင်း၊ ဆေးလိပ်သောက်ခြင်း နှင့် လေ့ကျင့်ခန်းလုပ်ခြင်း မလုပ်သင့်ပါ။ ၂။ ၀မ်းနည်းဝမ်းသာ၊ စိတ်လှုပ်ရှားချိန်တွင် မတိုင်းသင့်ပါ။ ၃။ မတိုင်းမီ ၁၀ မိနစ် ကိုယ်ရောစိတ်ပါ ဖြေလျှော့အနားယူပါ။ ၄။ လက်မောင်းပတ်လေအိတ်နှင့် နှလုံး ရေပြင်ညီ တတန်းတည်း ရှိပါစေ။ ၅။ တိုင်းနေစဉ် ငြိမ်ငြိမ်နေပါ၊ စကားမပြောပါနှင့်၊ မလှုပ်ပါနှင့်။ သွေးတိုးရောဂါဖြစ်အောင် အားပေးသောအချက်များ သွေးတွင်း အဆီနှင့် ကိုလက်စတရော (Cholesterol)ဓာတ်များခြင်း အဆီအဆိမ့် အစားများခြင်း အ၀လွန်ခြင်း ကိုယ်လက်လှုပ်ရှားမှု အားနည်းခြင်း ဆေးလိပ်သောက်ခြင်း အရက်သောက်ခြင်း ဆီးချိုရှိခြင်း ဆိုဒီယမ်များသော အစာများ (ဆား၊ ဟင်းချိုမှုန့်၊ ဆိုဒါ) အလွန်အကျွံစားခြင်းတို့ သွေးတိုးကို အားပေးသော အရာများဖြစ်ပါတော့သည် ။
credit: Mg Mandalay fb

သွေးတိုးရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများ

imagebam.com
သွေးတိုး ရောဂါကြောင့် နှလုံးသွေးကြောများ ထူအမ်း မာကျောလာပြီး (Atherosclerosis) နှလုံး သွေးကြော ကျဉ်းခြင်း/ ပိတ်ခြင်း (Heart Attack)၊ နှလုံးကြွက်သားများ ထူထဲလာပြီး (LVH) နှလုံးညှစ်အား လျော့နည်းလာခြင်း (Heart Failure) တို့ ဖြစ်ပေါ်လာ တတ်ပါတယ်.. ဦးနှောက် သွေးကြော ပိတ်ခြင်း (Ischemia)၊ သွေးကြော ပေါက်ခြင်း (Haemorrhage) တို့ဖြစ်ပေါ် စေပြီး လေဖြတ်ရောဂါ (Stroke) ဖြစ်ပေါ်လာ တတ်ပါတယ်.. သွေးတိုးရောဂါ တာရှည်လာပါက ကျောက်ကပ် ပျက်စီးပြီး (Nephrosclerosis) ကျောက်ကပ် လုပ်ငန်း ယိုယွင်းခြင်း (Renal Failure) ဖြစ်ပေါ် လာတတ် ပါတယ် မျက်စိတွင်းရှိ မြင်လွှာ (Retina) သွေးကြောများ ထိခိုက် ပျက်စီးပြီး အမြင်အာရုံ (Hypertensive Retinopathy) ထိခိုက်လာ တတ်ပါတယ်.. သင့်တွင် သွေးတိုးရောဂါရှိနေလျှင် ၁။ အပေါ်သွေးကို ၁၀-၄၀ ချရုံမျှဖြင့် (၀ါ) အောက်သွေးကို ၅-၆ ချရုံမျှဖြင့် လေဖြတ်ခြင်း အန္တရာယ်မှ ၄၀ % သက်သာပြီး နှလုံးသွေးကြော ရောဂါအန္တရယ်မှ ၁၆% သက်သာနိုင်ကြောင်း သတိပြုပါ။ ၂။ အနေအထိုင် အစားအသောက်ဆင်ခြင်ပါ။ ဆေးလိပ်ဖြတ်ပါ။ အရက်တစ်နေ့ နှစ်ပက်ထက် ပိုမသောက်ပါနှင့်။ အသားဆီ၊ အုန်းဆီ မစားပါနှင့်။ အငန်၊ ချက်ထားသော ဆီ၊ ဟင်းချိုမှုန့်လျှော့ပါ။ ငါးဟင်း တစ်ပတ် ၃ ရက်စားပါ။ သစ်သီးဝလံ တစ်နေ့ တစ်လုံးစားပါ။ တစ်ပတ် ၃ ရက်၊ တစ်ရက်နာရီဝက် ချွေးထွက်အောင် လေ့ကျင့်ခန်းလုပ်ပါ။ ကိုယ်အလေးချိန်များလျှင် စနစ်တကျလျော့ချပါ။ ပူပင်သောကနည်းအောင်နေပါ။ တရားထိုင်ပါ။ ၃။ သွေးပေါင်ကျဆေးကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း တိကျစွာ သောက်ပါ။ (သင်ခံစားနေရသော ရောဂါ လက္ခဏာပေါ်မူတည်၍ သင့်ဖာသာ ဆေးအတိုးအလျော့ မလုပ်ပါနှင့်)
http://ngoinmyanmar.org/
credit:Mg Mandalay fb

သွေးတိုးရောဂါကို ထိန်းချုပ်နိုင်မည့် နည်းလမ်းများ

imagebam.com
JNC7 မှ ထုတ်ပြန်ချက်အရ သွေးတိုးရောဂါ ရှိသူများသည် သွေးဖိအားကို 140/90 mmHg အောက် နှင့် ဆီးချို၊ ကျောက်ကပ် ရောဂါ ရှိသူများ အနေဖြင့် 130/80 mmHg အောက် ရှိနေစေရန် ညွှန်ကြား ထားပါတယ်.. သွေးတိုး ရောဂါကို ထိန်းချုပ်နိုင်ရန် အောက်ပါ အတိုင်း လိုက်နာ သင့်ပါတယ်.. ကိုယ်အလေးချိန် အဝ မလွန်စေရန် ထိန်းသိမ်း ထားရမည်.. Body Mass Index (BMI) ကို ၁၈.၅ မှ ၂၄.၅ အတွင်း ရှိနေစေရန် ထိန်းထားရမည်.. လမ်းမြန်မြန် လျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း ကဲ့သို့သော ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်း ကို ပုံမှန် တစ်နေ့ မိနစ် ၃၀ လုပ်ရမည်.. Dietary Approaches to Stop Hypertension (DASH) Eating Plan အရ သစ်သီး ဝလံများ၊ ဟင်းသီး ဟင်းရွက်များ၊ အဆီ ထုတ်ထားသော နို့နှင့် နို့ထွက် ပစ္စည်းများကို များစွာ စားသုံးပါ.. ဆား (ဆိုဒီယမ်) နည်းသော အစာများကို ရွေးချယ် စားသုံးပါ.. အထားခံသော အစာများ (Preserved Food)၊ ပြုပြင်ထားသော အစာများ (Processed Food) သည် ဆားပါဝင်မှု များပြား ပါတယ်.. ငါးများ၊ အဆီမပါသော အသားများကို စားသုံးပါ.. ကိုလက်စထရော များသော အဆီ၊ အဆိမ့်၊ အချိုများကို ရှောင်ပါ.. အရက် အလွန်အကျွံ သောက်သုံးခြင်းသည် သွေးတိုး စေတတ်သဖြင့် ရှောင်ကြဉ်ပါ.. သွေးတိုးရောဂါ အတွက် ဆရာဝန် ညွှန်ကြားထားသော သွေးကျဆေးများကို တိတိကျကျ သုံးစွဲရမည်..
credit: Mg Mandalay fb

Monday, June 25, 2012

အတွေးအခေါ်

လူတိုင်းမှာ အတွေး အခေါ် ကိုယ်စီ ရှိကြတယ်။ ပတ်ဝန်းကျင်ကို လိုက်ပြီး တွေးခေါ်မှုတွေ/အယူအဆတွေ ပြောင်းလွဲနိုင်တယ် ဒါတွေအားလုံးကို ကျွန်တော်တို့ နားလည်သဘော ပေါက်ကြတယ်။ ဘောလုံးသမားတစ်ယောက်ရဲ့ အတွေးအခေါ်ဟာ အနုပညာသမား တစ်ယောက် ရဲ့ အတွေးအခေါ်နဲ့ မတူညီနိုင်ပါဘူး။ တစ်ချို့တစ်လေ တော့ရှိနိုင်ပါတယ် ။ အတွေးအခေါ်ဆိုတာ တစ်ဖက်ကကြည့်မယ်ဆိုရင် စိတ်ခံစားမှုနဲ့လည်း သက်ဆိုင်ပါတယ်။ နုညံသိမ်မွေ့တဲ့ စိတ်ခံစားမှုရှိတဲ့ သူတွေဟာ သူတို့ရဲ့ အတွေးခေါ်တွေ ဟာလည်း နုညံနေမယ်လို့ ကျွန်တော်ထင်ပါတယ်။ လူသဘောတရားအရ လူတွေရဲ့ပင်ကိုယ်စိတ်ဟာ အင်မတန်နုညံပါတယ် ဒါပေမဲ့ သူတို့ ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်၊အသိုင်းအဝိုင်း ကိုလိုက်ပြီး စိတ်ခံစားမှုတွေဟာပြောင်းလဲ လာပြီး အတွေးအခေါ် အယူအဆ တွေဟာ ပြောင်းလွဲလာကြပါတယ်။ တစ်နည်းပြောရရင် တွေးခေါ်နိုင်မှု စွမ်းရည် ဟာ ဘယ်က လာလဲလို့ မေးရင် စိတ်ခံစားမှု ကပဲ လာတယ်လို့ လက်ခံထားပါတယ်။ အခုကျွန်တော်ကိုယ်တိုင်လည်း အခု အတွေးဆိုတဲ့ ဟာကြီး တွေးခေါ်ကြည့်ယုံသက်သက်ပါ အမြင်ခြင်းလည်းမတူသလို လွတ်လပ်စွာသဘောထားကွဲလွဲခွင့်ရှိပါတယ် ။ မည်သူမဆိုလွတ်လပ်စွာ တွေးခေါ်နိုင်ကြပါစေ လို့ ဆုတောင်းလိုက်ပါတယ်။
လေးစားလျက် ပေါက်ငယ်
credit image : google

Saturday, June 23, 2012

ဟံလင်းမြို့ဟောင်းကိုအလည်တစ်ခေါက် (၂)

ဟံလင်းမြို့ ရေပူရေအေးတွင်း ကနေပြီး ကျွန်တော်တို့ ဟံလင်းမြို့ဟောင်း ရဲ့ရှေးခောတ် သင်္ချိုင်း တူးဖော်တွေ့ရှိတဲ့နေရာကိုလည်း သွားရောက်ခဲ့ပါတယ်။ အဲဒီ သင်္ချိုင်းမှာ အရိုးစု အများအပြား နှင့် အိုးများကိုလည်း တွေ့ရှိရပါတယ် အဲဒီအရိုးစုတွေတည်ရှိနေတဲ့ မြေ အနိမ့်အမြင့်ကို လိုက်ပြီး ခောတ်ကို တွက်ချက်တယ်လို့ ထိုအရိုးစု သင်္ချိုင်းကို စောင့်တဲ့ သူတစ်ဦးမှပြောပါတယ် ။ သမိုင်းအသေးစိတ်ကို တော့ ကျွန်တော်မတင်ပြတတ်ပါ သိလည်းမသိပါ ဗဟုသုတ အနေဖြင့်သာ ဖြော်ပခြင်းဖြစ်ပါတယ်
imagebam.comimagebam.comimagebam.comimagebam.comimagebam.comimagebam.com
နောက်ပြီး ကျွန်တော်တို့ ဟာ ရှေးဟောင်း ပစ္စည်းများသိမ်းဆည်းထားရာ ဘုန်းကြီးကျောင်းသို့ သွားရောက်ခဲ့ပါတယ်။ကျောင်းထိုင်ဘုန်းကြီးကို ဦးချ ပြီး ကြည့်ခွင့်တောင်းခဲ့ပါတယ်။ရှေးဟောင်းပစ္စည်းများကို ဆရာတော် မှ လိုက်ပြီး ပြသပါတယ်။ကျောက်ခောတ်အသုံးအဆောင်များ၊မြေအိုးများ၊နားထောင်းများ၊ကျောက်လက်ကောက်ကွင်းများ၊ ငွေနားထောင်းများ ၊ လည်ဆွဲများ နှင့် ငွေပြားများကိုလည်း တွေ့ရပါတယ်
imagebam.comimagebam.comimagebam.comimagebam.comimagebam.com
နောက်ဆုံးအနေနဲ့ ဟံလင်းမြို့ဟောင်းနဲ့ မနီးမဝေး ရွာတစ်မှာ ရှိတဲ့ ဆရာတော်တစ်ပါးရဲ့ ကျောက်ဖြစ်သွားသော ရုပ်ကလပ်ကို လည်း သွားရောက် ဖူးမျှော်ခဲ့ပါတယ် ၊ ထိုဆရာတော်ဘုရားကြီးဟာ ပျံလွန်တော်မူပြီး မိနစ်ပိုင်း အတွင်းမှာ ရုပ်အလောင်း ဟာ ကျောက်ဖြစ်သွားတယ် လို့ သိရပါတယ်။ အခုအောက်မှာ မြင်နေရတဲ့ ဆရာတော် ဘုရားရဲ့ ရုပ်ကလပ်ဟာ ရွှေချမှာ ဖြစ်တဲ့ အတွက် စစ်စေး သုတ်ထားတဲ့ အတွက်ကြောင့် အမဲရောင်ပေါက်နေခြင်းဖြစ်ပါတယ်
imagebam.comimagebam.com
ဆရာတော်ဘုရားရဲ့ရုပ်ကလပ်တော်ကို ဝတ်ချကန်တော့ပြီး ကျွန်တော်တို့ဟာ ရွှေဘိုမြို့ကို ပြန်လို့လာခဲ့တော့ပါတယ်။ ကျွန်တော်စာရေးဆရာတစ်ယောက်မဟုတ်တဲ့အတွက် အမှားပါရင် ခွင့်လွတ်ပြီးဖတ်စေချင်ပါတယ်။
အားလုံးကို လေးစားလျက် ပေါက်ငယ်

ဟံလင်းမြို့ဟောင်းကို အလည်တစ်ခေါက်(၁)

ဟံလင်း မြို့ဟောင်းဟာ ဆိုရင်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ဝက်လက်မြို့နယ် ၊ ဦးအောင်ဇေယျ ရဲ့ မြို့တော် ရွှေဘိုမြို့ ရဲ့ အရှေ့ ဘက် ဆယ်မိုင် ကျော် (ခန့်မှန်းချေ) တွင် တည်ရှိသော သရေခေတ္တရာ မြို့ဟောင်းဖြစ်ပါတယ်။ဟံလင်းမြို့ဟောင်း ရဲ့ တန်ခိုးကြီးဘုရားဖြစ်တဲ့ ရွှေပုံကြီးစေတီ ကိုလည်း ကျွန်တော်တို့ သွားရောက်ဖူးမျှော်ခဲ့ရပါတယ်။
imagebam.com
ရွှေပုံကြီး စေတီပေါ်မှာ ဟံလင်းမြို့ဟောင်း ရဲ့ လွမ်းမော်ဖွယ် ရူခင်း ကိုလည်း ကြည့်ရှုခံစား ရတာ စိတ်ထဲမှာ ကြည်နူးပိတိ ဖြစ်မိပါတယ်။
imagebam.comimagebam.com
အဲဒီကနေ ကျွန်တော်တို့ဟာ ဟံဟင်းမြို့ဟောင်းရဲ့ သဘာဝ ရေပူစမ်းကန်များကို သွားရောက်လည်ပတ်ခဲ့ပါတယ် တစ်ချို့ရေပူစမ်းကန်များကို ယောင်္ကျားနဲ့မိန်းမ ခွဲထားတာတွေ့နိုင်ပါတယ်။
imagebam.comimagebam.com
အဲဒီရေပူစမ်းကန်နားတွင် ရှိသော ကြက်ဥကျက်တွင်း ကိုလည်း တွေ့နိုင်ပါတယ် တကယ်ကို ကြက်ဥ ကျက်နိုင်တဲ့ အပူချိန်ရှိပါတယ် ကျွန်တော်ကိုယ်တိုင် စမ်းသပ် ကြည့်ခဲ့ပါတယ်။
imagebam.com
နောက်ပြီး ရေပူ ရေအေးနှစ်မျိုးကို နေရာတစ်ခုတည်းမှာ ရရှိနေတာကိုလည်းတွေ့ရပါတယ် ဘောင်ကွတ်ထားတွင်းတစ်ခုမှာ တွင်းငယ် (၅) ခုပါဝင်ပါတယ် ထူးခြားတာက တွင်းတစ်ခုထဲက ရေ ကို အသုံးပြုတဲ့အချိန်မှာ တွင်း(၅) ခု လုံးက ရေ လျော့ကျတာ အတူတူ ဖြစ်တာကို တွေ့နိုင်ပါတယ်။ကျွန်တော်တို့လည်း စမ်းသပ်ပြီး ခပ်ထုတ်ကြည့်ခဲ့ပါတယ် အောက်မှာတွေ့နိုင်ပါတယ်
ရေပူတွင်းကို ခပ်ထုတ်ကြည့်နေတာ(ရေအေးတွင်းဘောင်ပေါ်ကရိုက်ထားတာပါ) imagebam.com
ရေပူတွင်းနဲ့ ကပ်လျက်ရှိသော ရေအေးတွင်းများ
imagebam.com
ဆက်လက်ဖော်ပြပါမည်.....

အတုတွေကိုယူပြီး အစစ်တွေကို ဘေးချိတ်ထား ကြသော်

imagebam.comimagebam.comimagebam.com imagebam.comimagebam.com @fb myanmar model channel

Wednesday, June 20, 2012

Tuesday, June 19, 2012