လူတိုင်းမှာ အတွေး အခေါ် ကိုယ်စီ ရှိကြတယ်။ ပတ်ဝန်းကျင်ကို လိုက်ပြီး တွေးခေါ်မှုတွေ/အယူအဆတွေ ပြောင်းလွဲနိုင်တယ် ဒါတွေအားလုံးကို ကျွန်တော်တို့ နားလည်သဘော ပေါက်ကြတယ်။ ဘောလုံးသမားတစ်ယောက်ရဲ့ အတွေးအခေါ်ဟာ အနုပညာသမား တစ်ယောက် ရဲ့ အတွေးအခေါ်နဲ့ မတူညီနိုင်ပါဘူး။ တစ်ချို့တစ်လေ တော့ရှိနိုင်ပါတယ် ။ အတွေးအခေါ်ဆိုတာ တစ်ဖက်ကကြည့်မယ်ဆိုရင် စိတ်ခံစားမှုနဲ့လည်း သက်ဆိုင်ပါတယ်။ နုညံသိမ်မွေ့တဲ့ စိတ်ခံစားမှုရှိတဲ့ သူတွေဟာ သူတို့ရဲ့ အတွေးခေါ်တွေ ဟာလည်း နုညံနေမယ်လို့ ကျွန်တော်ထင်ပါတယ်။ လူသဘောတရားအရ လူတွေရဲ့ပင်ကိုယ်စိတ်ဟာ အင်မတန်နုညံပါတယ် ဒါပေမဲ့ သူတို့ ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်၊အသိုင်းအဝိုင်း ကိုလိုက်ပြီး စိတ်ခံစားမှုတွေဟာပြောင်းလဲ လာပြီး အတွေးအခေါ် အယူအဆ တွေဟာ ပြောင်းလွဲလာကြပါတယ်။ တစ်နည်းပြောရရင် တွေးခေါ်နိုင်မှု စွမ်းရည် ဟာ ဘယ်က လာလဲလို့ မေးရင် စိတ်ခံစားမှု ကပဲ လာတယ်လို့ လက်ခံထားပါတယ်။ အခုကျွန်တော်ကိုယ်တိုင်လည်း အခု အတွေးဆိုတဲ့ ဟာကြီး တွေးခေါ်ကြည့်ယုံသက်သက်ပါ အမြင်ခြင်းလည်းမတူသလို လွတ်လပ်စွာသဘောထားကွဲလွဲခွင့်ရှိပါတယ် ။ မည်သူမဆိုလွတ်လပ်စွာ တွေးခေါ်နိုင်ကြပါစေ လို့ ဆုတောင်းလိုက်ပါတယ်။
လေးစားလျက် ပေါက်ငယ်
credit image : google
No comments:
Post a Comment