ဟံလင်း မြို့ဟောင်းဟာ ဆိုရင်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ဝက်လက်မြို့နယ် ၊ ဦးအောင်ဇေယျ ရဲ့ မြို့တော် ရွှေဘိုမြို့ ရဲ့ အရှေ့ ဘက် ဆယ်မိုင် ကျော် (ခန့်မှန်းချေ) တွင် တည်ရှိသော သရေခေတ္တရာ မြို့ဟောင်းဖြစ်ပါတယ်။ဟံလင်းမြို့ဟောင်း ရဲ့ တန်ခိုးကြီးဘုရားဖြစ်တဲ့ ရွှေပုံကြီးစေတီ ကိုလည်း ကျွန်တော်တို့ သွားရောက်ဖူးမျှော်ခဲ့ရပါတယ်။

ရွှေပုံကြီး စေတီပေါ်မှာ ဟံလင်းမြို့ဟောင်း ရဲ့ လွမ်းမော်ဖွယ် ရူခင်း ကိုလည်း ကြည့်ရှုခံစား ရတာ စိတ်ထဲမှာ ကြည်နူးပိတိ ဖြစ်မိပါတယ်။


အဲဒီကနေ ကျွန်တော်တို့ဟာ ဟံဟင်းမြို့ဟောင်းရဲ့ သဘာဝ ရေပူစမ်းကန်များကို သွားရောက်လည်ပတ်ခဲ့ပါတယ် တစ်ချို့ရေပူစမ်းကန်များကို ယောင်္ကျားနဲ့မိန်းမ ခွဲထားတာတွေ့နိုင်ပါတယ်။


အဲဒီရေပူစမ်းကန်နားတွင် ရှိသော ကြက်ဥကျက်တွင်း ကိုလည်း တွေ့နိုင်ပါတယ် တကယ်ကို ကြက်ဥ ကျက်နိုင်တဲ့ အပူချိန်ရှိပါတယ် ကျွန်တော်ကိုယ်တိုင် စမ်းသပ် ကြည့်ခဲ့ပါတယ်။

နောက်ပြီး ရေပူ ရေအေးနှစ်မျိုးကို နေရာတစ်ခုတည်းမှာ ရရှိနေတာကိုလည်းတွေ့ရပါတယ် ဘောင်ကွတ်ထားတွင်းတစ်ခုမှာ တွင်းငယ် (၅) ခုပါဝင်ပါတယ် ထူးခြားတာက တွင်းတစ်ခုထဲက ရေ ကို အသုံးပြုတဲ့အချိန်မှာ တွင်း(၅) ခု လုံးက ရေ လျော့ကျတာ အတူတူ ဖြစ်တာကို တွေ့နိုင်ပါတယ်။ကျွန်တော်တို့လည်း စမ်းသပ်ပြီး ခပ်ထုတ်ကြည့်ခဲ့ပါတယ် အောက်မှာတွေ့နိုင်ပါတယ်ရေပူတွင်းကို ခပ်ထုတ်ကြည့်နေတာ(ရေအေးတွင်းဘောင်ပေါ်ကရိုက်ထားတာပါ)

ရေပူတွင်းနဲ့ ကပ်လျက်ရှိသော ရေအေးတွင်းများ

ဆက်လက်ဖော်ပြပါမည်.....
No comments:
Post a Comment